အကြီးမြတ်ဆုံး
အားကစားပွဲများတွင် အကြီးမြတ်ဆုံးအရာမှာ အဘယ်အရာနည်း။ ချန်ပီယံဆုလား၊ စံချိန်သစ်လား၊ ဂုဏ်အသရေလား။ ပါလက်(စ)ထရာမြို့ ပင်န်ဆာလ်ဗေးနီးယား တက္ကသိုလ်၏ ဘတ်စကတ်ဘောကွင်းထဲတွင် အားကစား၌ အကြီးမြတ်ဆုံးအရာနှင့် စပ်လျဉ်း၍ တစ်မူ ထူးခြားသော ခံယူချက်တစ်မျိုးကို ရေးသားထားသည်။ “အားကစားပွဲတွင် အနိုင်ရရှိခြင်းမှာ ကြီးမြတ်ပါသည်။ ကစားပွဲ ဆင်နွှဲကစားခြင်းမှာ ပို၍ကြီးမြတ်ပါသည်။ သို့သော်လည်း ကစားပွဲ ကို ချစ်ခြင်းမှာ အကြီးမြတ်ဆုံးဖြစ်သည်။” စင်စစ် အားကစားဟူသည် ကလေးဘ၀က ပျော်ရွှင်စွာ ကစားခုန်ကစား ပျော်မြူးခဲ့ခြင်းကို အမှတ်ရ ကြည်နူးစေပါသည်။
ဘာသာရေးခေါင်းဆောင်တစ်ဦးက တစ်ခါ၌ ကြီးမြတ်ခြင်းအကြောင်းနှင့် စပ်လျဉ်း၍ “မည်သည့်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်သနည်း” (မ ၂၂း၃၆) ဟု သခင်ယေရှုကို မေးမြန်း ခဲ့ဖူးသည်။ သခင်ယေရှုက ဘုရားသခင်ကိုချစ်ရန်၊ အခြားသူုကိုချစ်ရန် သူ့ကိုစိန်ခေါ်လိုက် သည်။ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့... ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူုကို ကိုယ်နှင့်အမျှချစ်လော့…
ကောင်းပါတယ်
တစ်စုံတစ်ယောက်က “နေကောင်းလား”ဟု မေးလျှင် “ကောင်းပါတယ်”ဟု အများအားဖြင့် ပြန်ဖြေတတ်သည်။ ထိုကဲ့သို့ပြောလိုက်ခြင်းက ကျွန်ုပ်တို့ အမှန်တကယ် “နေကောင်းသည်” (သို့) “အဆင်ပြေတယ်”ဟု ဆိုလိုပြီး မိမိ၏စရိုက်သဘောထားမှန်ကို ပြောနေခြင်းမဟုတ်ဘဲ ယေဘုယျ အခြေအနေကို ပြောခြင်းဖြစ်သည်။ ထိုသဘောဖြင့် ကျွန်ုပ် အကြိမ်မရေမတွက်နိုင်အောင် တုံ့ပြန်ခဲ့ ပြီး နောက်ပိုင်းတွင် ထိုကဲ့သို့ဖြေကြားရသည်ကို စိတ်အနှောင့်အယှက်ဖြစ်လာ၏။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ကောင်းသည်ဟူသောစကားကို ကျွန်ုပ်တို့ သုံးနေခြင်းမဟုတ်ပါလား။
ယေရှုက သူ့ကို “ကောင်းမြတ်သောဆရာ”ဟုခေါ်သည့် သူဌေးလေးတစ်ဦးနှင့် တွေ့ဆုံခဲ့ သည် (မ ၁၉း၁၆)။ သခင်ယေရှုသည် ကောင်းမြတ် (ပြည့်ဝစုံလင်)သူတစ်ဦး ဖြစ်ရုံမက ဆရာ တစ်ပါးလည်းဖြစ်သောကြောင့် သူဌေးလေး၏စကားက မှန်ပါသည်။ ကိုယ်တော်သာလျှင် ထိုခေါ်ဆို မှုနှင့် ထိုက်တန်၏။
သို့သော်လည်း သူပြောသည့် ကောင်းမြတ်သည်ဟူသော…